Artico

Discover.

Collect.

Preserve.

Myanmar Contemporary Art

Crow who wanna Drink

Crow who wanna Drink

Lwe
acrylic202436× 36painting

ငယ်ငယ် ဖတ်ဖူး ကြားဖူးတဲ့ ကျီးကန်းပုံပြင်ကို မှီငြမ်းထားပါတယ်။ ပညာရှိကျီးကန်း နိမ့်ကျနေသော ရေအိုးထဲက ရေကိုသောက်‌နေဟန်ကိုယူရေးထားပါတယ်။ ရေသောက်ချင်သော ကျီးကန်းနှင့် သေး‌‌သွယ်နေသောအိုး ပုံမှန်အတိုင်း သောက်လို့ရ သော်ငြားပညာရှိဟုထင်လို သော‌ကြောင့် ကျောက်တုံးပစ်ချရ ကြိုးစားနေတယ်။ ကြီးသောကျောက်တုံးနဲ့ သေးသာ အိုး မမျှတသောကြောင့် အိုးလဲကွဲ ရေလဲယို ဖြစ်နေပါတယ်။

Price1,000,000 MMK
Lwe

Lwe

လွယ် (၁၉၉၈) သည် ရန်ကုန်မြို့အခြေစိုက် မြင်ခြင်းဆိုင်ရာအနုပညာရှင်တစ်ဦးဖြစ်ပြီး၊ အဓိကအားဖြင့် အက်ခရစ်လစ်၊ မှင်နှင့် ခဲ တို့ကို အသုံးပြုကာ အနုပညာလက်ရာများကို ဖန်တီးသည်။ ဆိုးပြား (eva foam )ကို ပန်းပုဆိုင်ရာပညာရပ်များကို အခြေခံပြီး installation များလည်း ဖန်တီးသည်။ လွယ် ရဲ့ဖန်တီးမှုများသည် သူဘဝ ခံစားမှု အတွေ့အကြုံများနှင့် ရိုးရာယဉ်ကျေးမှုအမြင်များမှ ဆင်းသက်လာသော အတွေးအခေါ်များကို အခြေခံ‌လေ့ရှိသည်။ သူလက်ရာများသည် ခံစားမှုအခြေခံသဘောတရားများ ပါဝင်နေပြီး၊ သူရဲ့ အတွေးအမြင်များကို သူလက်ရာများမှ တဆင့် ကြည့်ရှုသူပရိသတ်ကို ပြောပြလေ့ရှိသည်။

View Profile →